မိုးကုတ်က iPhone အသုံးပြုနေတဲ့သူများအတွက်
မိမိတို့ရဲ့ဖုန်း Battery ကောင်း/မကောင်း ဘယ်လိုစစ်နိုင်မလဲဆိုတာကိုပြောပြပေးပါမယ်။

iPhone တွေမှာ Battery မကောင်းရင် အားလည်းမခံတော့တဲ့အပြင်၊
ဖုန်းသုံးနေရင်းနဲ့လည်း ပါဝါပိတ်သွားတာမျိုးတွေပါ ကြုံရနိုင်ပါတယ်။

iPhone မှာ အခြားဖုန်းတွေထက် လန်းတဲ့အချက်ကတော့
ဖုန်းမှာပါတဲ့ Battery ရဲ့ Health အခြေအနေကို လွယ်လွယ်ကူကူစစ်ကြည့်လို့ရနိုင်တာပါပဲ။

ဆိုတော့ ကျွန်တော်တို့ iphone တွေမှာ Battery Health နဲ့ပါတ်သက်တဲ့အချက်အလက်တွေကိုကြည့်ဖို့အတွက်

  • Setting ထဲကိုဝင်ပါ။
  • Battery ထဲကို ထပ်ဝင်ပါ။
  • Battery ထဲကိုရောက်ပြီဆိုရင် Battery health ဆိုတဲ့အထဲကို ဝင်လိုက်တာနဲ့ ယခု Post က ပုံထဲကလိုမျိုး
    Maximum Capacity မှာ ပေါ်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီးတော့ Battery ကောင်းမကောင်း ဆုံးဖြတ်လို့ရပါတယ်။
    ( ပုံထဲက မင်မင်ရဲ့ဖုန်းဆိုရင် 86% ဖြစ်နေပြီမို့ အသစ်လဲသင့်နေပါပြီ 😀 )

Maximum Capacity မှာ 100% ဖြစ်နေရင်တော့ အကောင်းဆုံးပေါ့နော်။

100% ကနေ 90% အတွင်းမှာရှိနေရင် စိတ်ချလက်ချသုံးလို့ရပါသေးတယ်
87%အောက်လောက်ရောက်နေပြီဆိုရင်တော့
အားကုန်မြန်တာ၊ တစ်ခါတစ်လေ သုံးနေရင်း ဖုန်းပါဝါပိတ်သွားတာတွေကို ကြုံတွေ့လာနိုင်ပါတယ်။

80% အောက်ထက်နည်းသွားရင်တော့ တစ်ချို့ဖုန်းတွေမှာ Service ဆိုပြီးတော့ကို ပေါ်နေတော့မှာဖြစ်ပါတယ်။ဒါဆိုရင် အမြန်ဆုံး battery အသစ်လဲတာအကောင်းဆုံပါပဲ။

အသစ်လဲတဲ့အချိန်မှာလည်း လဲတဲ့ Battery အောင်/မအောင်ကို ခုဏက Maximum Capacity မှာ 100% ဖြစ်မဖြစ်ကြည့်ရပါတယ်။
100% မဖြစ်ဘူးဆိုရင်တော့ နောက်တစ်လုံးထပ်လဲတာအကောင်းဆုံးဖြစ်ပါကြောင်း တင်ပြရင်း

တစ်ခါတည်းကြောငြာဝင်ပါရစေ 😀
iPhone Battery အသစ်လဲတဲ့ ဝန်ဆောင်မှုကို JOY Mobile Service ( အောင်ချမ်းသာရပ် ) မှာလည်း ပြုလုပ်ပေးနေပါတယ်။

  • သတင်းကောင်းအနေနဲ့ကတော့ Battery အသစ်လဲခြင်းအတွက် (၁) လအာမခံပေးနေပါပြီ။
    (Userfault ကြောင့်မဟုတ်ပဲ Maximum Capacity မှာ 100% ကနေ ၁ လအတွင်း 80% ဝန်းကျင်ရောက်သွားတာတို့ဆိုရင် ပိုက်ဆံထပ်မကုန်ပဲ အသစ်တစ်လုံးပြန်လဲပေးမှာပါ။ )

Leave a Comment

Your email address will not be published.