၆သိန်းဝန်းကျင်တန်ဖုန်းတွေအားလုံးထဲမှာ Performance အကောင်းဆုံးဆိုပြီး ပြောလို့ရလောက်တဲ့ iPhone SE 2020 ကို Apple က April 15th, 2020 မှာမိတ်ဆက်သွားပါတယ်

ရုတ်တရက်ကြည့်ရင် iPhone 8 နဲ့ပုံစံဆင်တူပေမယ့် နောက်ကျောဘက်မှာ Apple Logo ထားတဲ့နေရာလေးကွာပြီးတော့

ကျန်တဲ့ Display Size, Home Button (Touch ID), Camera အထားအသိုအားလုံး iPhone 8 နဲ့ဆင်တူပါတယ်

ယခု iPhone SE 2020 မှာ ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံးအပိုင်းဆိုပြီးပြောလို့ရတဲ့ SOC ကို Apple ရဲ့နောက်ဆုံးထွက် SOC ဖြစ်တဲ့ A13 Bionic ကိုသုံးထားပြီး ၎င်း SOC ဟာလက်ရှိအချိန်အထိ Smart Phone SOC အားလုံးထဲမှာ Performance အကောင်းဆုံးလို့ သတ်မှတ်ခံထားရပါတယ်

Camera ကိုတော့ နောက်ကျောမှာ 12MP F1.8 ကိုသုံးထားပေးပြီး Flagship Smartphone တစ်လုံးမှာမှရတဲ့ Feature တွေအကုန်နီးပါးဖြစ်တဲ့ 4K 60fps, 1080P 240fps, OIS, Portrait Mode (lighting effect, depth control) အားလုံးပါဝင်ပါတယ်

Selfie ကိုတော့ 7MP Camera သုံးထားပေးပြီး Portrait Mode (lighting effect, depth control) လဲရပါတယ်

တစ်ခြား Mid-Range Android Phone တော်တော်များများမှာမတွေ့ရတဲ့ Water Resistant နဲ့ Wireless Charging လဲပါဝင်ပြီးတော့ WiFi 6 လို နောက်ဆုံးပေါ်နည်းပညာတွေလဲပါဝင်ပါသေးတယ်

အခုလို Features တွေစုံလင်စွာပါဝင်ပြီး Performance အရမ်းကောင်းလွန်းတဲ့ iPhone SE 2020 ကို အနက်ရောင် အဖြူရောင်နဲ့ အနီရောင်ဆိုပြီး ရွေးချယ်စရာအရောင်၃မျိုးနဲ့တွေ့ရပါတယ်

iPhone SE 2020 ရဲ့စျေးနှုန်းတွေကတော့

64GB = $399 (572,565Ks)

128GB = $449 (644,315Ks)

256GB = $549 (787,815Ks) ဖြစ်ပါတယ်

ယနေ့ငွေစျေး 1USD=1,435Ks နဲ့တွက်ပေးထားတာပါ

(မြန်မာနိုင်ငံရောက်ရင်တော့ အခွန်ဘာညာထပ်ပေါင်းပြီး စျေးအနည်းငယ်ကွာနိုင်ပါတယ်)

ဒါကြောင့် အခုအချိန်မှာ ဖုန်းဝယ်ဖို့စဉ်းစားနေတဲ့သူတွေအနေနဲ့ iPhone SE 2020 ကို စောင့်ကြည့်ပြီးမှ ဝယ်ဖို့စဉ်းစားကြပါလို့ သတင်းကောင်းပေးလိုက်ပါတယ်။