အားလုံပဲမင်္ဂလာပါ။
ယခု Post က VPN App တွေနဲ့ ဘယ် App က ကောင်းတယ်ဆိုတာကို ပြောပြဖို့မဟုတ်ပဲ၊
အခုချိန် VPN နဲ့ Facebook သုံးနေတဲ့သူများအတွက်
သိထားသင့်တဲ့အချက်လေး ပြောပြချင်လို့ပါ။
– ပထမအချက်ကတော့
VPN တွေသုံးတဲ့အချိန် App မှာပါတဲ့ Server Location ကို
“Best Performance” တို့၊ “Best Server”, “Auto” တို့ထားခြင်းကိုရှောင်သင့်ပါတယ်။
ထိုသို့ထားထားပါက VPN App မှ မိမိအင်တာနက်လိုင်းနှင့် အဆင်အပြေဆုံး Server ကို ရှာပေးမှာဖြစ်ပေမယ့်လည်း
VPN တစ်ခါသုံးတိုင်း Server Location တွေက အမြဲတမ်းမတူနိုင်ပါ။
( ဥပမာ။ ။ ပထမတစ်ခါဖွင့်တုန်းက US ဖြစ်နေပေမယ့်၊ နောက်တစ်ခါဖွင့်သုံးတဲ့အချိန် JAPAN ပြောင်းသွားတာမျိုးပါ။ )
အဲ့လို Location ခဏခဏပြောင်းသွားမိမယ်ဆိုရင်
အခန့်မသင့်ရင် Facebook ကနေ မိမိအကောင့်ရဲ့ Login Location Activity ကြောင့် lock ကျသွားတာတွေကြုံတွေ့ရနိုင်ပါတယ်။
ထို့ကြောင့် VPN တွေမှာ Server Location ကို ရွေးလို့ရခဲ့မယ်ဆိုရင် location တစ်ခုပဲ အမြဲထားသုံးသင့်ပါတယ်။


ပြီးတော့ VPN နဲ့ ကျော်သုံးထားတဲ့သူတွေအနေနဲ့ Facebook Account တွေ မလိုအပ်ပဲ Logout မလုပ်ဖို့ပါ။
အခန့်မသင့်ရင် Logout လုပ်ပြီး ပြန်ဝင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။
– နောက်တစ်ချက်ကတော့ အွန်လိုင်းရှောပင်းတွေအတွက်ပါ။
အွန်လိုင်းကနေ ဈေးရောင်းနေတဲ့သူတွေရော၊ Facebook Boost Service လုပ်ပေးနေတဲ့သူတွေအနေနဲ့ ယခုရက်ပိုင်း Boost လုပ်မယ်ဆိုရင်
Location Base တွေနဲ့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး၊
အကုန်လုံးက VPN သုံးနေကြတဲ့အတွက် အခြားနိုင်ငံ Location တွေဖြစ်နေတဲ့အတွက်ပါ။
အကယ်လို့ မဖြစ်မနေ Boost လေးလုပ်ချင်တယ်ဆိုရင်တော့
“Peoples who like this page and their friends” ဆိုတဲ့ setting နဲ့ပဲ ယာယီ Boost လုပ်ထားသင့်ပါတယ်။


– နောက်ဆုံးတစ်ချက်ကတော့ Live လွင့်ပြီး ဈေးရောင်းတဲ့သူတွေအတွက်ပါ။
မိမိကိုယ်တိုင်က Free VPN နဲ့ facebook သုံးနေတဲ့အချိန်မှာ
Free VPN ကြောင့် လိုင်းအပြည့်မရတဲ့အချိန် Live Sale ပါ ထပ်လွင့်မယ်ဆိုရင် အဆင်ပြေနိုင်ဖို့ ခဲယှဉ်းပါတယ်။
ရခဲ့ရင်တောင် Video Quality ညံ့တာတွေ၊ Live လွင့်နေရင်း ရပ်သွားတာတွေ ခဏခဏကြုံရမှာဖြစ်ပါတယ်။
( Premium VPN Server တွေဝယ်သုံးထားရင်တော့ တစ်မျိုးပေါ့ )


အားလုံးကိုကျေးဇူးတင်လျက်
JOY Mobile – Mogok
Twitter သုံးတဲ့သူတွေအနေနဲ့လည်း
ကျွန်တော်တို့ JOY Mobile Mogok ရဲ့ Twitter Account ကို ယခုလင့်
https://twitter.com/joymogok မှတစ်ဆင့် ဝင်ရောက် Follow လုပ်ထားနိုင်ပါတယ်ခင်ဗျ။