MPT Fiber 20Mb ယူထားတဲ့သူတွေ 25Mb သို့တိုးမြင့်ရရှိ

MPT Fiber 20Mb ယူထားတဲ့သူတွေ 25Mb သို့တိုးမြင့်ရရှိ

မိုးကုတ်မှာ ကျွန်တော်တို့ JOY Mogok's Customer တွေထဲမှာ MPT Fiber သုံးနေတဲသူတွေများရှိမလားဗျ။ အကယ်လို့ မိမိအိမ်မှာ MPT 20Mb Speed ( ၃၉၀၀၀ ) တန် တပ်ထားတယ်ဆိုရင် MPT က နောက်လမှစပြီး 25Mb Speed သို့ ပိုက်ဆံပိုပေးစရာမလိုပဲ တိုးမြင့်ပေးလိုက်ပါပြီတဲ့ခင်ဗျ။ ( ကျွန်တော်တို့ဆီမှာတော့ 25Mb ဖြစ်သွားပါပြီ ) 20Mb တပ်ထားတဲ့သူတွေအနေနဲပ 25Mb ဖြစ်သို့တိုးသွားပြီလားဆိုတာကို www.speedtest.net မှာ ဝင်ရောက်စစ်ကြည့်ပြီး အကယ်၍ မတိုးသေးဘူးဆိုရင် MPT Fiber ရုံးသို့ဆက်သွယ်မေးမြန်းကြည့်ပါ။ လောလောဆယ် မိုးကုတ်မှာတော့ MPT Fiber က Speed နဲ့ပါတ်သက်ပြီး သိပ်ရွေးချယ်စရာမရှိပေမယ့် ကျွန်တော်တို့ သုံးစွဲနေတဲ့ 20Mb ( 1 လ 39000 ကျပ် ) ( ယခု 25Mb ) ကတော့ မိုးကုတ်မြို့မှာရှိတဲ့ အခြား fiber internet တွေထက် တော်တော်ကိုကောင်းပါတယ်။continue reading →
MI 10 Pro 5G နဲ့ရိုက်ထားတဲ့ပုံအကြမ်းကြီး

MI 10 Pro 5G နဲ့ရိုက်ထားတဲ့ပုံအကြမ်းကြီး

ယခုပုံတွေကတော့ Xiaomi ကနေ နောက်ဆုံးထွက်ရှိထားတဲ့ MI 10 Pro 5G ဖုန်းနဲ့ အာကာသကနေ ကျွန်တော်တို့ကမ္ဘာကြီးကို ရိုက်ထားတဲ့ပုံတွေပဲဖြစ်ပါတယ်။ ပုံအရည်အသွေးတွေကတော့ ကြောက်စရာကောင်းလောက်အောင်ကို ကောင်းတယ်ဆိုတာ ဒီပုံတွေက သက်သေပြနေပါတယ်။ မသိရင် Professional Camera နဲ့ရိုက်ထားသလားလို့ကို အထင်မှားစေမဲ့ပုံတွေပါပဲ ဒါကြောင့်မို့လဲ ယခုအချိန်အထိ DXO mark မှာ Xiaomi MI 10 Pro က ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပါတယ်။ Credit: Xiaomicontinue reading →
မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ်

မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ်

မိုးကုတ်ကအမျိုးတွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။ ( လျှပ်စစ်မီတာခ ) ဓာတ်အားခတောင်းခံလွာကို စာရွက်ဖြင့်သာမက အခုခါ အွန်လိုင်းကနေတစ်ဆင့်လည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အွန်လိုင်းကနေစစ်ရန်အတွက် ပထမဦးဆုံး မိမိတို့ဖုန်းထဲက Browser ကနေတစ်ဆင့် https://www.mescmm.com/meter/check ကိုရိုက်ထည့်ပါ။ ပုံထဲကအတိုင်း မီတာအမှတ်၊ ကွန်ပျူတာကုဒ် ဆိုပြီးအကွက်နှစ်ကွက်လေးပေါ်လာပါမယ်။ ပုံ(၁) ပြီးရင် မီတာအမှတ် နဲ့ ကွန်ပျူတာကုဒ်ကို ထည့်ဖို့အတွက် ကျွန်တော်တို့စစ်ချင်တဲ့ မီတာစာရွက်ပြေစာပေါ်မှာ ရှာပြီးထည့်ပေးရပါမယ်။ မီတာစာရွက်ပေါ်မှာ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ အောက်ကပုံထဲမှာပြထားပေးပါတယ်။ ပုံ (၂) - မီတာစာရွက်ပုံ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကိုရှာလို့တွေ့ပြီဆိုရင်တော့ ခုဏက ဖုန်းထဲမှာပေါ်နေတဲ့ အကွက်နှစ်ကွက်ထဲမှာ မှန်အောင်ရိုက်ထည့်ပေးပြီးတော့ စစ်မည် ကိုနှိပ်လိုက်ပါ။ မိမိရိုက်ထည့်တဲ့ မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များ မှန်ကန်ခဲ့ပါက လျှပ်စစ်ဓာတ်အားတောင်းခံလွှာလေး ပေါ်လာပါမယ်။ ဖုန်းမှာတော့ စာတွေအပြည့်ကြည့်လို့မရနိုင်တဲ့အတွက် အောက်ဆုံးထိဆွဲချပြီး Download PDF ကိုနှိပ်ပြီး မိမိဖုန်းအတွင်းသို့ Download ဆွဲပါ။ ပံု (၃) Download ဆွဲပြီးသွားလို့ ဖွင့်လိုက်ရင်တော့ မိမိရိုက်ထည့်သော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်နဲ့သက်ဆိုင်တဲ့ လျှပ်စစ်ဓာတ်အားတောင်းခံလွှာကို ကြည့်ရှုနိုင်ပြီးဖြစ်ပါတယ်။ နမူနာကို ပုံထဲမှာပြထားပေးပါတယ်။ ပုံ(၄) လျှပ်စစ်ဓာတ်အားတောင်းခံလွှာနမူနာ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ JOY Mobile Mogok မှ ယခုလိုအဆင့်ဆင့်သွားစရာမလိုပဲ လွယ်လွယ်ကူကူစစ်နိုင်အောင် Application လေး ရေးသားပေးပါဦးမည်။ အားလုံးပဲ JOY Mobile Mogok Page…continue reading →
Honor က Magic Earbuds အသစ်ကိုမိတ်ဆက်

Honor က Magic Earbuds အသစ်ကိုမိတ်ဆက်

၂၀၁၉ ကစလို့ ယခု ၂၀၂၀ အထိ စျေးကွက်ထဲမှာ TWS Earphone တွေကို တော်တော်များများတွေ့နေရပြီဖြစ်ပါတယ်။ အခုလဲ Huawei ရဲ့ Brand ခွဲဖြစ်တဲ့ Honor ကနေ TWS Earphone အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ Honor ကတော့ Magic Earbuds လို့နာမည်ပေးထားပါတယ်။ သူ့မှာတော့ ထူးခြားတဲ့ Feature အနေနဲ့ Hybrid Noise Cancelling စနစ်ပါဝင်လာပါတယ်။ Honor ကပြောထားချက်အရ နားကြပ်မှာ Mic သုံးခုပါဝင်ပြီး in-call Noise Cancelling စနစ်ပါဝင်ကာ ဖုန်းပြောတဲ့အချိန်မှာ ကိုယ့်ရဲ့အသံကိုစစ်ထုတ်ပေးတယ်လို့ ပြောထားတာတွေ့ရပါတယ်။ အတိအကျတော့ နောက်မှသေချာထပ်တင်ပေးပါမယ်။ နားကြပ်တစ်ဖက်စီမှာ Battery 37mAh ပါဝင်ပြီး ၃နာရီခွဲ သီချင်းနားထောင်နိုင်မယ်လို့သိရပါတယ်။ နားကြပ်အားကုန်သွားတဲ့အခါ ပြန်လည်အားသွင်းဖို့ Battery Case မှာ Battery 410mAh ပါဝင်ပြီး Type-C ပေါက်နဲ့ ၁နာရီခွဲအတွင်း အားပြည့်နိုင်ပါတယ်။ ပုံမှန်ပါဝင်နေကျ features တွေဖြစ်တဲ့ သီချင်းရပ်တာ ဖွင့်တာ ဖုန်းကိုင်တာတွေပါဝင်ပြီး EMUI 10 သုံးထားတဲ့ဖုန်းတွေအတွက်ဆိုရင်တော့ instant pairing တို့နဲ့ တခြား features တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Honor Magic Earbuds ရဲ့စျေးနှုန်းကတော့ မြန်မာငွေ ၂သိန်းဝန်းကျင်လောက်ရှိပါတယ်။မြန်မာနိုင်ငံကို ဝင်မဝင်ဆိုတာကတော့ ခဏလောက်စောင့်ကြည့်ပြီးတာနဲ့ သိရမှာပါ။ ref: gizchina.comcontinue reading →