အွန်လိုင်းသုံးပြီး မီတာခစစ်လို့ရပီနော်

အွန်လိုင်းသုံးပြီး မီတာခစစ်လို့ရပီနော်

အင်တာနက်ရှိရုံဖြင့် မိမိတို့ရဲ့လစဉ်မီတာခများကို စစ်လို့ရပါပြီ။ အရင်ရက်က မီတာခကို Website ကနေ စစ်တဲ့နည်းလေးကိုတင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ခါတော့ Website ကိုတကူးတကသွားရောက်ပြီး စစ်စရာမလိုတော့ပဲ Android ဖုန်းတွေကနေ အလွယ်တကူစစ်နိုင်မယ့် Application လေးကို ကျွန်တော်တို့ JOY Mobile ( မိုးကုတ် ) ကနေ ရေးသားပေးလိုက်ပါတယ်။ အခု Application ရဲ့ လုပ်ဆောင်ချက်ကတော့ မီတာခတောင်းခံလွှာစာရွက်မှာပါတဲ့ မီတာအမှတ် နှင့် ကွန်ပျူတာကုဒ် လေးထည့်ရုံဖြင့် နောက်ဆုံးလဆောင်ထားတဲ့ ကျသင့်ငွေ၊ သုံးစွဲထားသောမီတာယူနစ် တွေအပြင် ရှေ့ ၃လ/၄လ က အချက်အလက်များကိုပါ စစ်လို့ရမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေက မီတာတွေပဲစစ်လို့ရမှာဖြစ်ပါတယ်။ ( မိုးကုတ်မြို့က မီတာတွေလည်းစစ်လို့ရပါတယ်။ ) ယခု Applicaton ကိုသုံးပြီးစစ်ဖို့အတွက် မီတာစာရွက်က မီတာအမှတ်ကွန်ပျူတာကုဒ် နှစ်မျိုးလေးပဲလိုမှာဖြစ်ပါတယ်။ မီတာအမှတ် နှင့် ကွန်ပျူတာကုဒ် ကြည့်နည်းကိုလည်း တစ်ခါတည်းထည့်သွင်းပေးထားပါတယ်။ Application ကို ဒေါင်းလုပ်ဆွဲရမယ့် Link များကိုလည်း တင်ပေးထားပါတယ်။ မိမိအဆင်ပြေမယ့် Link ကနေ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ မိုးကုတ်မြို့ကဆိုရင်တော့ ကျွန်တော်တို့ JOY Mobile Service ( အောင်ချမ်းသာ ) ဆိုင်မှာလည်း အခမဲ့ လာရောက်သွင်းယူနိုင်ပါတယ်။ Application Download Download Application ( Mediafire ) Download Application…continue reading →