Honor က Magic Earbuds အသစ်ကိုမိတ်ဆက်

Honor က Magic Earbuds အသစ်ကိုမိတ်ဆက်

၂၀၁၉ ကစလို့ ယခု ၂၀၂၀ အထိ စျေးကွက်ထဲမှာ TWS Earphone တွေကို တော်တော်များများတွေ့နေရပြီဖြစ်ပါတယ်။ အခုလဲ Huawei ရဲ့ Brand ခွဲဖြစ်တဲ့ Honor ကနေ TWS Earphone အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ Honor ကတော့ Magic Earbuds လို့နာမည်ပေးထားပါတယ်။ သူ့မှာတော့ ထူးခြားတဲ့ Feature အနေနဲ့ Hybrid Noise Cancelling စနစ်ပါဝင်လာပါတယ်။ Honor ကပြောထားချက်အရ နားကြပ်မှာ Mic သုံးခုပါဝင်ပြီး in-call Noise Cancelling စနစ်ပါဝင်ကာ ဖုန်းပြောတဲ့အချိန်မှာ ကိုယ့်ရဲ့အသံကိုစစ်ထုတ်ပေးတယ်လို့ ပြောထားတာတွေ့ရပါတယ်။ အတိအကျတော့ နောက်မှသေချာထပ်တင်ပေးပါမယ်။ နားကြပ်တစ်ဖက်စီမှာ Battery 37mAh ပါဝင်ပြီး ၃နာရီခွဲ သီချင်းနားထောင်နိုင်မယ်လို့သိရပါတယ်။ နားကြပ်အားကုန်သွားတဲ့အခါ ပြန်လည်အားသွင်းဖို့ Battery Case မှာ Battery 410mAh ပါဝင်ပြီး Type-C ပေါက်နဲ့ ၁နာရီခွဲအတွင်း အားပြည့်နိုင်ပါတယ်။ ပုံမှန်ပါဝင်နေကျ features တွေဖြစ်တဲ့ သီချင်းရပ်တာ ဖွင့်တာ ဖုန်းကိုင်တာတွေပါဝင်ပြီး EMUI 10 သုံးထားတဲ့ဖုန်းတွေအတွက်ဆိုရင်တော့ instant pairing တို့နဲ့ တခြား features တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Honor Magic Earbuds ရဲ့စျေးနှုန်းကတော့ မြန်မာငွေ ၂သိန်းဝန်းကျင်လောက်ရှိပါတယ်။မြန်မာနိုင်ငံကို ဝင်မဝင်ဆိုတာကတော့ ခဏလောက်စောင့်ကြည့်ပြီးတာနဲ့ သိရမှာပါ။ ref: gizchina.comcontinue reading →