မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ်

မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ်

မိုးကုတ်ကအမျိုးတွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။ ( လျှပ်စစ်မီတာခ ) ဓာတ်အားခတောင်းခံလွာကို စာရွက်ဖြင့်သာမက အခုခါ အွန်လိုင်းကနေတစ်ဆင့်လည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အွန်လိုင်းကနေစစ်ရန်အတွက် ပထမဦးဆုံး မိမိတို့ဖုန်းထဲက Browser ကနေတစ်ဆင့် https://www.mescmm.com/meter/check ကိုရိုက်ထည့်ပါ။ ပုံထဲကအတိုင်း မီတာအမှတ်၊ ကွန်ပျူတာကုဒ် ဆိုပြီးအကွက်နှစ်ကွက်လေးပေါ်လာပါမယ်။ ပုံ(၁) ပြီးရင် မီတာအမှတ် နဲ့ ကွန်ပျူတာကုဒ်ကို ထည့်ဖို့အတွက် ကျွန်တော်တို့စစ်ချင်တဲ့ မီတာစာရွက်ပြေစာပေါ်မှာ ရှာပြီးထည့်ပေးရပါမယ်။ မီတာစာရွက်ပေါ်မှာ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ အောက်ကပုံထဲမှာပြထားပေးပါတယ်။ ပုံ (၂) - မီတာစာရွက်ပုံ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကိုရှာလို့တွေ့ပြီဆိုရင်တော့ ခုဏက ဖုန်းထဲမှာပေါ်နေတဲ့ အကွက်နှစ်ကွက်ထဲမှာ မှန်အောင်ရိုက်ထည့်ပေးပြီးတော့ စစ်မည် ကိုနှိပ်လိုက်ပါ။ မိမိရိုက်ထည့်တဲ့ မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များ မှန်ကန်ခဲ့ပါက လျှပ်စစ်ဓာတ်အားတောင်းခံလွှာလေး ပေါ်လာပါမယ်။ ဖုန်းမှာတော့ စာတွေအပြည့်ကြည့်လို့မရနိုင်တဲ့အတွက် အောက်ဆုံးထိဆွဲချပြီး Download PDF ကိုနှိပ်ပြီး မိမိဖုန်းအတွင်းသို့ Download ဆွဲပါ။ ပံု (၃) Download ဆွဲပြီးသွားလို့ ဖွင့်လိုက်ရင်တော့ မိမိရိုက်ထည့်သော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်နဲ့သက်ဆိုင်တဲ့ လျှပ်စစ်ဓာတ်အားတောင်းခံလွှာကို ကြည့်ရှုနိုင်ပြီးဖြစ်ပါတယ်။ နမူနာကို ပုံထဲမှာပြထားပေးပါတယ်။ ပုံ(၄) လျှပ်စစ်ဓာတ်အားတောင်းခံလွှာနမူနာ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ JOY Mobile Mogok မှ ယခုလိုအဆင့်ဆင့်သွားစရာမလိုပဲ လွယ်လွယ်ကူကူစစ်နိုင်အောင် Application လေး ရေးသားပေးပါဦးမည်။ အားလုံးပဲ JOY Mobile Mogok Page…continue reading →