meterbill

အွန်လိုင်းသုံးပြီး မီတာခစစ်လို့ရပီနော်

အင်တာနက်ရှိရုံဖြင့် မိမိတို့ရဲ့လစဉ်မီတာခများကို စစ်လို့ရပါပြီ။ အရင်ရက်က မီတာခကို Website ကနေ စစ်တဲ့နည်းလေးကိုတင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ခါတော့ Website ကိုတကူးတကသွားရောက်ပြီး စစ်စရာမလိုတော့ပဲ Android ဖုန်းတွေကနေ အလွယ်တကူစစ်နိုင်မယ့် Application လေးကို ကျွန်တော်တို့ JOY Mobile ( မိုးကုတ် ) ကနေ ရေးသားပေးလိုက်ပါတယ်။ အခု Application ရဲ့ လုပ်ဆောင်ချက်ကတော့ မီတာခတောင်းခံလွှာစာရွက်မှာပါတဲ့ မီတာအမှတ် နှင့် ကွန်ပျူတာကုဒ် လေးထည့်ရုံဖြင့် နောက်ဆုံးလဆောင်ထားတဲ့ ကျသင့်ငွေ၊ သုံးစွဲထားသောမီတာယူနစ် တွေအပြင် ရှေ့ ၃လ/၄လ က အချက်အလက်များကိုပါ စစ်လို့ရမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေက မီတာတွေပဲစစ်လို့ရမှာဖြစ်ပါတယ်။ ( မိုးကုတ်မြို့က မီတာတွေလည်းစစ်လို့ရပါတယ်။ ) ယခု Applicaton ကိုသုံးပြီးစစ်ဖို့အတွက် …

အွန်လိုင်းသုံးပြီး မီတာခစစ်လို့ရပီနော် Read More »

မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ်

မိုးကုတ်ကအမျိုးတွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။ ( လျှပ်စစ်မီတာခ ) ဓာတ်အားခတောင်းခံလွာကို စာရွက်ဖြင့်သာမက အခုခါ အွန်လိုင်းကနေတစ်ဆင့်လည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အွန်လိုင်းကနေစစ်ရန်အတွက် ပထမဦးဆုံး မိမိတို့ဖုန်းထဲက Browser ကနေတစ်ဆင့် https://www.mescmm.com/meter/check ကိုရိုက်ထည့်ပါ။ ပုံထဲကအတိုင်း မီတာအမှတ်၊ ကွန်ပျူတာကုဒ် ဆိုပြီးအကွက်နှစ်ကွက်လေးပေါ်လာပါမယ်။ ပြီးရင် မီတာအမှတ် နဲ့ ကွန်ပျူတာကုဒ်ကို ထည့်ဖို့အတွက် ကျွန်တော်တို့စစ်ချင်တဲ့ မီတာစာရွက်ပြေစာပေါ်မှာ ရှာပြီးထည့်ပေးရပါမယ်။ မီတာစာရွက်ပေါ်မှာ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ အောက်ကပုံထဲမှာပြထားပေးပါတယ်။ မီတာအမှတ်နဲ့ ကွန်ပျူတာကုဒ်ကိုရှာလို့တွေ့ပြီဆိုရင်တော့ ခုဏက ဖုန်းထဲမှာပေါ်နေတဲ့ အကွက်နှစ်ကွက်ထဲမှာ မှန်အောင်ရိုက်ထည့်ပေးပြီးတော့ စစ်မည် ကိုနှိပ်လိုက်ပါ။ မိမိရိုက်ထည့်တဲ့ မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များ မှန်ကန်ခဲ့ပါက လျှပ်စစ်ဓာတ်အားတောင်းခံလွှာလေး ပေါ်လာပါမယ်။ ဖုန်းမှာတော့ စာတွေအပြည့်ကြည့်လို့မရနိုင်တဲ့အတွက် အောက်ဆုံးထိဆွဲချပြီး Download PDF ကိုနှိပ်ပြီး မိမိဖုန်းအတွင်းသို့ …

မီတာစာရွက်ကိုအွန်လိုင်းကနေကြည့်မယ် Read More »