Facebook ကို VPN ဖြင့် အသုံးပြုနေတဲ့သူများအတွက်

Facebook ကို VPN ဖြင့် အသုံးပြုနေတဲ့သူများအတွက်

အားလုံပဲမင်္ဂလာပါ။ယခု Post က VPN App တွေနဲ့ ဘယ် App က ကောင်းတယ်ဆိုတာကို ပြောပြဖို့မဟုတ်ပဲ၊အခုချိန် VPN နဲ့ Facebook သုံးနေတဲ့သူများအတွက်သိထားသင့်တဲ့အချက်လေး ပြောပြချင်လို့ပါ။- ပထမအချက်ကတော့VPN တွေသုံးတဲ့အချိန် App မှာပါတဲ့ Server Location ကို"Best Performance" တို့၊ "Best Server", "Auto" တို့ထားခြင်းကိုရှောင်သင့်ပါတယ်။ထိုသို့ထားထားပါက VPN App မှ မိမိအင်တာနက်လိုင်းနှင့် အဆင်အပြေဆုံး Server ကို ရှာပေးမှာဖြစ်ပေမယ့်လည်းVPN တစ်ခါသုံးတိုင်း Server Location တွေက အမြဲတမ်းမတူနိုင်ပါ။( ဥပမာ။ ။ ပထမတစ်ခါဖွင့်တုန်းက US ဖြစ်နေပေမယ့်၊ နောက်တစ်ခါဖွင့်သုံးတဲ့အချိန် JAPAN ပြောင်းသွားတာမျိုးပါ။ )အဲ့လို Location ခဏခဏပြောင်းသွားမိမယ်ဆိုရင်အခန့်မသင့်ရင် Facebook ကနေ မိမိအကောင့်ရဲ့ Login Location Activity ကြောင့် lock ကျသွားတာတွေကြုံတွေ့ရနိုင်ပါတယ်။ထို့ကြောင့် VPN တွေမှာ Server Location ကို ရွေးလို့ရခဲ့မယ်ဆိုရင် location တစ်ခုပဲ အမြဲထားသုံးသင့်ပါတယ်။ပြီးတော့ VPN နဲ့ ကျော်သုံးထားတဲ့သူတွေအနေနဲ့ Facebook Account တွေ မလိုအပ်ပဲ Logout မလုပ်ဖို့ပါ။အခန့်မသင့်ရင် Logout လုပ်ပြီး ပြန်ဝင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။- နောက်တစ်ချက်ကတော့ အွန်လိုင်းရှောပင်းတွေအတွက်ပါ။အွန်လိုင်းကနေ ဈေးရောင်းနေတဲ့သူတွေရော၊ Facebook Boost Service လုပ်ပေးနေတဲ့သူတွေအနေနဲ့ ယခုရက်ပိုင်း Boost…continue reading →